Local News

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးတက်ရောက်အမှာစကားပြောကြား

Last Updated:

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၂၂ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ပထမဦးစွာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ချမှတ်ထားသည့် အခြေခံမူများ၊ စည်းမျဉ်းစည်းကမ်း များ၊ လုပ်ထုံးလုပ်နည်းများနှင့် သဘောတူညီချက်များ၊ အဖွဲ့ဝင်နိုင်ငံများမှ မဖြစ်မနေလိုက်ပါ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ် ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် အချက်များအား ကုန်သွယ်ရေး ဦးစီးဌာနမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့ပြီး အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များအားဖြည့်စွက် ရှင်းလင်းခဲ့သည်။ ဆွေးနွေးချက်များအပေါ် အခမ်းအနားသို့ တက်ရောက်လာသည့် အရာထမ်းများမှ သိရှိလိုသည့်အချက်များအားမေးမြန်းခဲ့ကြသည်။

ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်မှာဝန်ကြီးဌာနမှအရာထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရင်းနှီးအကျွမ်းတဝင်သိရှိရန်၊ ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်မှာ မိမိတို့ဝန်ကြီးဌာနတစ်ခုတည်းသာမက အခြားဝန်ကြီး ဌာနများကပါ ပူးပေါင်းဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် ဖြစ်ရာ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် Action Plan ရေးဆွဲဆောင်ရွက်သွားရန်၊ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ကုန်သွယ်မှုနှင့် ပတ်သက်ပြီးအသိပညာပေးအစီအစဉ်များအား ဆက်လက်ပြုလုပ်သွားရန်နှင့် ကုန်သွယ်မှုဝန်းကျင်ကောင်းဖြစ်အောင် ဝန်ထမ်းအားလုံး တာဝန်ယူ ဆောင်ရွက်ကြရန် မှာကြား ခဲ့သည်။

အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးအထက် အရာထမ်းများတက်ရောက်ခဲ့ကြပြီး၊ နယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် တိုင်းဒေ သကြီး/ ပြည်နယ်များရှိတာဝန်ခံအရာထမ်းများက Virtual စနစ်ဖြင့်တက် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

Category: Local News